အုတ်တွင်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်အနှေးယာဉ်များအား ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်တတ်စေရန် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှကင်းဝေးစေရန် ယာဉ်စည်း ကမ်းလမ်းစည်းကမ်းသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်မှုရှိ/ မရှိ၊ ဒေသအတွင်း တရားမဝင်ကုန်သွယ်မှု မရှိစေရေး၊ မော်တော်ယာဉ်မောင်းနှင်သူများ ထိုင်ခုံခါးပတ်ပတ်၍မောင်းနှင်ကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ပါရှိပြီး မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ကြရန်/ လူသုံးယောက် တင်မစီးရန်၊မော်တော်ယာဉ်များတွင် ဘက်မှန်၊နံပတ်ပြားစသည့်ပြည့်စုံရမည့်အချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)