ညောင်လေးပင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ညောင်လေးပင် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီ အချိန်က  (Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီ၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်လူငယ်တွေစဥ်းစားဖို့စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင် ဦးခင်ဝင်းမှ လူငယ်နှင့်ရွေးချယ်မှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးစိန်ဝင်းမှ ကိုယ်ချစ်တာ ကိုယ်လုပ်ပါ ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)