ရွှေတောင် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ဆရာကောင်းမြတ်ရေးသားသော “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်မှ “စည်းကမ်း မလိုက်နာတက်တဲ့ကလေး” ခေါင်းစဉ်ဖြင့် စာကြည့်တိုက် လက်ထောက်-၃မှ ယနေ့ နံနက်ပိုင်းတွင် စာအုပ်မိတ်ဆက်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးကာလအတွင်း ပြည်သူ့စာကြည့်တိုက်ကို ယာယီ ပိတ်ထားခဲ့သဖြင့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတ တိုးစေရန်နှင့် စာပေနှင့် ကင်းကွာမှုမရှိစေရေးအတွက် အွန်လိုင်းတဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)