ပေါက်ခေါင်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ယမန်နေ့က ငါးခူအိုင်ကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများရှိဒေသခံပြည်သူများအား ငါးခူအိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ကွင်းဆင်း ဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ငါးခူအိုင်ရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆေးကုသရေးအဖွဲ့က ငါးခူအိုင်ကျေးရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာရှိ ဒေသခံပြည်သူများ၏ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်ပေးခဲ့ရာ အထွေထွေကုသလူနာ(၆၄)ဦးအား စမ်းသပ်ကြည့်ရှုစစ်ဆေးပေးပြီး၊ ကိုယ်ဝန် ဆောင်အမျိုးသမီး(၇)ဦး၊ အသေးစားခွဲစိတ်ပေးရန် လိုအပ်သောလူနာ(၃)ဦးကိုလည်း အဆိုပါ ကျေးလက်ကျန်းမာရေးဌာန ဆေးကုသဆောင်၌ ခွဲစိတ်ဆေးကုသပေးဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများကိုလည်း အခမဲ့ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)