နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ကျောင်းသား/သူများအား ကျောင်းစိမ်းဝတ်စုံများ ထောက်ပံ့လှူဒါန်း

နတ်မောက် ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ကြူအိုင်ကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား ကျောင်းစိမ်းဝတ်စုံလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းစိမ်းဝတ်စုံလှူဒါန်းခဲ့ရာတွင် ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာ တော်၏ဩဝါဒကိုခံယူပြီး ရန်ကုန်မြို့နေ အလှူရှင် ဒေါ်စန်းစန်းနွဲ့(ကျောင်းအုပ်ငြိမ်း) ဆရာမကြီး မိသားစုက မိမိဇာတိ မွေးရပ်မြေရှိ ကျောင်းသား/ သူများအား ပညာဒါနအနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းကျောင်းရှိ KG -တန်းမှ စတုတ္ထတန်း များတွင် ပညာသင်ယူနေသော ကျောင်းသား/သူ (၈၁) ဦးတို့အား ကျောင်းစိမ်းဝတ်စုံများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှဝင်း