ရွှေကျင် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီအချိန် မှစ၍ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွှေကျင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်း၍ နှာခေါင်းစည်းအခု(၁၀၀၀)အား လူစည်ကားရာနေရာ များဖြစ်သော မြို့အဝင် မင်္ဂလာမုဒ်ဦးနှင့် စည်ပင်သာယာရုံးရှေ့တို့တွင် ပြည်သူများ၏လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)