တနင်္သာရီ ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ အသိ ပညာပေးမြေစိုက်ဘုတ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးဆိုးကျိုးများ၏ မှတ်တမ်းများကို ပြည်သူများလေ့လာသိရှိရှောင်ကျဉ်နိုင်စေရန်အတွက် ယမန်နေ့ ညနေ ၃နာရီအချိန်က ရုံးဝန်ထမ်းများက ကပ်ထားကြေညာထားသည်။
ထိုသို့ကပ်ထားပေးရာတွင် ဘိန်းပင်၊ ဘိန်းသီး၊ WY ဆေးပြားများ၊ ICE နှင့်ဆေးခြောက်ပင်များ၊ မူးယစ်ဆေးဝါးသားကောင်ဖြစ်စဉ်များ၊ ယခင်နှစ်က မြို့နယ်အတွင်းရှိ သဘာဝဘိန်းခင်းများကို လူထုအားဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့မှု မှတ်တမ်းဓါတ်ပုံများနှင့် ပြည်သူအများသိသင့်သည့် လက်ရှိ မိုးလေဝသသတင်းများနှင့်ပတ်သက်သော ဆောင်းပါးများကို ဖော်ပြပေးထားသောကြောင့် မည်သူမဆို လာရောက်လေ့လာဖတ်ရှုနိုင်ပါကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)