မင်းလှ(အောက်) အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ အောက်တိုဘာလ (၁၄)ရက်နေ့အထိ ကပ်ထားကြေညာထားရှိပြီး ယနေ့ထိပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ (၁၂၃)ဦးထိရှိလာကြောင်းသိရသည်။
မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ်လာရောက်ကြည့်ရှု့သူ အောက်တိုဘာ ၇ ရက်နေ့ထိ (၅၃၈၉) ဦးရှိကြောင်း၊ ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုသူ (၁၂၃)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ (၄)ဦး၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာ (၁)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
မင်းလှမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာပေါင်း(၆၆)အုပ်စု၌ မဲရုံပေါင်း(၁၁၇)ရုံ ဖွင့်လှစ် သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ ကျား(၄၅၈၅၀)ဦး၊ မ(၅၅၁၃၂၄)ဦး စုစုပေါင်း(၉၇၁၇၄)ဦးရှိပြီး မဲစာရင်းများစနစ်တကျကပ်ထား ကြေညာထားမှုနှင့် ပြည့်စုံမှန်ကန်စေရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပေါက်စ မင်းလှ