မအူပင်မြို့တွင် စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲပိတ်ပွဲကျင်းပ

မအူပင်  ဇွန်  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ဒေသတွင်း အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲပိတ်ပွဲကို အမှတ်(၄)ရပ်ကွက် တိုးရွှေဝါခန်းမတွင် ယမန်နေ့ ည‌နေပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ(MSMEs)ထုတ်ကုန်ပြပွဲအား မအူပင်ခရိုင်အ‌တွင်းထွက်ရှိသော ဒေသထွက်ကုန်များဖြစ်သည့် ကျားပဲမုန့်၊ ကျားသစ်ပဲမုန့်၊ အသီးအနှံများ၊ နွားနို့၊ ဒိန်ချဉ်၊ ငါးငံပြာရည်၊ ငါးခြာက်၊ သင်ပင်မှ ထွက်ရှိ သောဒေသထွက်ကုန်များနှင့် စိုက်ပျိုးရေး‌၊ မွေးမြူရေးဒေသ ထွက်ကုန် အမျိုးပေါင်း (၁၀၀) ကျော်အား (၈-၆-၂၀၂၃ မှ ၁၀-၆-၂၀၂၃) ထိ နံနက် (၈)နာရီမှ ည(၈)နာရီအထိ (၃)ရက်တာကာလ ပြသခဲ့ရာ ပိတ်ပွဲအနေဖြင့် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးနိုင်လွင်၊ အဖွဲ့ဝင်(၂)ဦးခင်လှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက ပြခန်းအလိုက်တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စီးပွားရေး လုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲပိတ်ပွဲကို အောင်မြင်စွာကျင်းပခဲ့ကြောင်းသိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)