ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက် ပံ့ကြေးနှင့် ဝန်ထမ်းများအားထောက်ပံ့ပေးအပ်ပွဲကျင်းပ

ငဖဲ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့်ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ဝန်ထမ်းသားသမီးများအားပညာသင်စရိတ်နှင့် ဝန်ထမ်းများအားထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းများအားလုံးဌာနလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် တက္ကသိုလ်အဆင့်၊ အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် ကျောင်းသား/ သူ (၂၆) ဦးအတွက် ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း ငွေကျပ် လေးသိန်း နှင့် မြို့နယ်ရုံးဝန်ထမ်း ( ၆၄) ဦးအတွက် တစ်ဦးလျှင် ဆန် ၁ပြည်၊ ဆီ ၅ဝ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးနှုန်းဖြင့် စုစုပေါင်း ကျသင့်ငွေကျပ် ၆၁၇၆၀၀/- ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများနှင့် ကျောင်းသား/သူ များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မယု( ငဖဲ)