တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာရိတ္တနှင့်ကိုယ်ကျင့်တရား ခေါင်းစဥ်ဖြင့်ဟောပြောပွဲ ပြုလုပ်

တမူး  ဇွန်  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နေ့လယ် ၃နာရီခွဲအချိန်က စာရိတ္တနှင့်ကိုယ်ကျင့်တရား ခေါင်းစဥ်ဖြင့် အသိပညာ​​ပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က လူတစ်ယောက်ဖြစ်လာလျှင် အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့လိုကြောင်း၊ တည်ကြည်ဖြောင့်မတ်ရိုးသားခြင်း၊ သီးခံခွင့်လွတ်တတ်ခြင်း၊ ထောက် ထားစာနာတတ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ အများအကျိုးဆောင်ရွက်လိုခြင်း၊ ကူညီရိုင်းပင်းတတ်ခြင်း၊ ယဥ်ကျေးသိမ်မွေ့ခြင်း၊ မိမိကိုယ်နိမ့်ချတတ်ခြင်း၊ သစ္စာရှိခြင်း၊ ကျေးဇူး တရားသိတတ်ခြင်း စသည့်အကျင့်ကောင်းများရှိနေသရွေ့ မိမိဆောင်ရွက်လိုက်သော ကိစ္စရပ် တိုင်းအကျိုးပေးမည်ဖြစ်ကြောင်း ဟောပြောခဲ့​ပြီးကျောင်းသား/ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ၊ မိဘများအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများပြသပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရတနာ