စလင်းမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေး

မင်းဘူး   ဇွန်  ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ စိုင်ကလုန်းမုန်တိုင်း “မိုခါ”အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်အိမ်ထောင်စုဝင်များ ပျက်စီး/ပျောက်ဆုံးခဲ့သည့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ရေးပူးပေါင်းအဖွဲ့များက စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေဝင်ရောက်မှုကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သော စလင်းမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယခုလ ပထမအပတ်နှင့် ဒုတိယအပတ်အတွင်း အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ သမြင်ကင်း ကျေးရွာ အုပ်စုမှ၌ အိမ်ထောင်စုဇယား ၁၆၀ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၁၉ ကတ်၊ မြောက်ရှား တောကျေးရွာ အုပ်စု၌ အိမ်ထောင်စုဇယား ၁၁၃ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၁၁ ကတ်၊ ပန်းတောကျေးရွာအုပ်စု၌ အိမ်ထောင်စုဇယား ၉၁ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၃၂ ကတ်တို့ကို အသစ် ပြန်လည်ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ပြောသည်။

ထို့အပြင် စလင်းမြို့နယ်အတွင်း၌ ပြုလုပ်ပေးရန်ကျန်ရှိသော ရေဘေးသင့်အိမ်ထောင်စုများ အတွက် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့စဉ်အလှည့်ကျ သွားရောက် ကွင်းဆင်းပြီး အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)