သဲကုန်းမြို့နယ်၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ

သဲကုန်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် အဖိုးတန်သတ္ထုရောင်းဝယ်သူများ (ရွှေတုံး၊ ရွှေခဲရောင်းဝယ်သူများ၊ လက်ဝတ်ရတနာရောင်းဝယ်သူများ)အား  ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ကိစ္စများနှင့်ပတ်သတ်၍ သိရှိနိုင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သတင်းပို့ရန်တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာဝင်းထက်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်နှင့် ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာတာန်ရှိသူများက ပြန်လည်ရှင်လင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော အဖိုးတန်သတ္ထုရောင်းဝယ်သူများ (ရွှေတုံး၊ ရွှေခဲရောင်းဝယ်သူများ၊ လက်ဝတ်ရတနာရောင်းဝယ်သူများ)အား မြို့နယ်အသင်းဖွဲ့စည်းပေးခဲ့ပြီးကြောင်းသိရသည်။

မြို့နယ်၊ပြန်/ဆက်