ကျွန်းစုမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ကျွန်းစု ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား စာရင်းရှိ ကျောင်းသား/သူ (၃၂၂)ဦးအနက် (၃၀၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ (၁၇၄)ဦးအောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း (၅၇.၈၁%)ရှိရာ ဂုဏ်ထူးရကျောင်းသား/သူဦးရေမှာ (၁)ဘာသာဂုဏ်ထူးရှင်(၅၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထက်မြင့်(ကျွန်းစု)