လိပ်သို ဇွန် ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများစာရင်းကို ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၇) ဦး ကျောင်းသူ (၃၄) ဦး၊ စုစုပေါင်း (၅၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ စုစုပေါင်း (၃၁) ဦး အောင်မြင်ခဲ့၍ သုံးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇) ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၈) ဦး ထွက်ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၆၀.၇၈) ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)