ကဝမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ)ဖွံ့ဖြိုးရေးစီမကိန်း တတိယ (၃)နှစ်သက်တမ်း၏ ဒုတိယနှစ်အတွက် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ကဝ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အုန်းနှဲကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) ဖွံ့ဖြိုးရေးစီမံကိန်း တတိယ (၃)နှစ်သက်တမ်း၏ ဒုတိယနှစ်အတွက် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက အုန်းနှဲကျေးရွာ မြတ်ပါရမီ ပတ္တမြားဆေးခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အုန်းနှဲကျေးရွာဥက္ကဋ္ဌ ဦးဆန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံဌာနခွဲစာရေးကြီး ဦးထွန်းလင်းက ချေးငွေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ)ဖွံ့ဖြိုးရေးအတွက် အုန်းနှဲကျေးရွာမှ ရေလုပ်သား (၄၃၁)ဦးအတွက် ချေးငွေ (၆၆၈)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)