ပန်းတနော် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့်နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးနိုင်ဝင်းမှ ချေးငွေနှင့် ပတ်သက်၍ ဆောင်ရွက်ရသည့်နည်းလမ်းများ၊ စာချုပ်ပါစည်းကမ်းချက်များ အတိုင်းလိုက်နာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများကိုလည်းအောင်မြင်စွာ ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ သတ်မှတ်ကာလအတွင်းအတိုးနှင့် အရင်းအပြေအကြေပြန်လည်း ပေးသွင်းရန်လိုအပ် ကြောင်းရှင်းလင်းပြောကြားပြီး ကုန်ထုတ်လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်(၃)ဦး အတွက် ငွေကျပ်(၂၂၈)သန်းနှင့် စိုက်ပျိုးရေးဆောင်ရွက်မည့် တောင်သူ(၁)ဦး အတွက် ငွေကျပ် (၂၂)သန်း စုစုပေါင်းငွေကျပ်သန်း(၂၅၀)တို့အား တာဝန်ရှိသူများမှ လုပ်ထုံး လုပ်နည်းနှင့်အညီ ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)