အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များသို့ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

အရာတော် ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များသို့ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထွဋ်နိုင်က Grade-9 တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်သဲမိုမိုစိုးက Grade-8 နှင့် Grade-4 တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနေအောင်ဇော်က Grade-5 နှင့် Grade-4 တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်သဲစုခိုင်က Grade-2နှင့် KG တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့သည်။

ယင်းသို့‌ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာတွင် အထက်တန်းကျောင်းသား(၈)ဦးအတွက် တစ်ဦးလျှင် ပညာသင်စရိတ်ငွေကျပ်တစ်သောင်းနှင့် ဗလာစာအုပ်တစ်ဒါဇင်ကိုလည်းကောင်း၊ အလယ်တန်းကျောင်းသား(၇)ဦးနှင့် မူလတန်းကျောင်းသား(၁၆)ဦးအတွက် တစ်ဦးလျှင်ပညာသင်စရိတ်ငွေကျပ်ခုနစ်ထောင်နှင့် ဗလာစာအုပ်တစ်ဒါဇင်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်