ကလေးမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

ကလေး ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် သစ်တောသစ်ပင်များကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆည်တော်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဦးသန့်ဇင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးမည့်ပျိုးပင်များကို ဒေသကွပ်ကဲရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဝင်းတို့က ကျေးရွာတာဝန်ခံ၊ ကျောင်းအုပ်ကြီး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာပြည်သူများထံ  အထိမ်းအမှတ်သစ်ပင်များ ပေးအပ်ခဲ့ကြပြီး သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ  စုပေါင်းသစ်ပင်စိုက်ပွဲသို့ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများ၊ တက်ရောက် ခဲ့ကြပြီး ပိတောက်ပင် ၁၅၀၊ ကံ့ကော်ပင် ၁၅၀၊ သင်္ဘောတည်ပင် ၁၀၀၊ ခရေပင် ၁၀၀ စသည့် ပျိုးပင်ပေါင်း ၅၀၀ ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)