ဖာပွန် အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန (နေပြည်တော်) မှ ကြီးမှူးကျင်းပသည့် Physical Fitness Dance Online Challenge ပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း Stay Home နေရသော နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေး ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်၊ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သား၊ အရိုးများ သန်စွမ်း စေရန်နှင့် နှလုံးအဆုတ် အားကောင်းစေရန် ရည်ရွယ်၍ "လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook Page" တွင် (၃) မိနစ်ခန့် Physical Fitness Dance ခေါင်းစဉ်ဖြင့် Challenge ပြိုင်ပွဲကို (၁၀-၁၀-၂၀၂၀) မှ (၁၂-၂-၂၀၂၁)အထိ သတ်မှတ်ကကွက်ဖြင့် ပွဲစဉ်(၈)ပွဲ၊ စိတ်ကြိုက် ကကွက်ဖြင့် ပွဲစဉ်(၁)ပွဲ စုစုပေါင်းပွဲစဉ်(၉)ပွဲ ပါဝင်ကာ ပွဲစဉ်အလိုက် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ပြိုင်ပွဲဝင်များအနေဖြင့် အသေးစိတ်အချက်အလက်များကို ဖာပွန်ခရိုင် အားကစားနှင့် ကာယ ပညာဦးစီးဌာန Page တွင်လည်းကောင်း၊ ဖာပွန်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဖုန်းနံပါတ် (၀၉၄၂၅၀၄၈၁၉၆) သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ကျား၊ မ မရွေး မည်သူမဆို ပြိုင်ပွဲဝင်နိုင်စေရေးအတွက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း ပါဝင်ယှဉ်ပြိုင်သူများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆုများ ဆက်လက်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအေး ထံမှသိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)