မြဝတီ ဇွန် ၁၀
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အနေဖြင့် အောင်မြင်သူ ၁၃၆ ဦးပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၄၉ ဒဿမ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၈၅ ဦး၊ ကျောင်းသူ ၁၉၀ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၂၇၅ ဦးရှိခဲ့ရာ အောင်မြင်သူ ကျောင်းသား ၃၈ ဦး၊ ကျောင်းသူ ၉၈ ဦး၊ စုစုပေါင်း အောင်မြင်သူ ၁၃၆ ဦးရှိခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအနေဖြင့် (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၂၇) ဦးတို့ဖြင့် စုစုပေါင်း ၃၆ ဦးရှိခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)