ပုလော ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို နိုင်ငံတစ်ဝန်းလုံး၌ ဇွန်လ ၉ ရက်နေ့ နံနက် ၆ နာရီမှစတင်ကြေညာခဲ့ရာ ပုလောမြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ကြေညာလျက်ရှိသည်။
ပုလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စာစစ်ဌာန (၃) ခုရှိရာ စာရင်းရှိ (၂၉၁) ဦးတွင် (၂၄၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၅)ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၄) ဦး၊(၃)ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၈) ဦး၊ ရိုးရိုးအောင်မြင်သူ (၉၇)ဦး စုစုပေါင်း (၁၆၉) ဦးရှိသည့်အတွက် အောင်ချက်ရာနှုန်းမှာ ၆၈.၇၀ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးမော်(ပုလော)