တနင်္သာရီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းမျာ းထုတ်ပြန်ကြေညာ

တနင်္သာရီ ဇွန်  ၉

၂၀၂၃   ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ နံနက် ၆ နာရီမှစ၍ နိုင်ငံတစ်ဝန်း ထုတ်ပြန်ကြေညာခဲ့ရာ  တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ပညာရေးမှူးရုံးနှင့် (အ-ထ-က)တနင်္သာရီစာစစ်ဌာန ကြေညာသင်ပုန်းတို့တွင်လည်း မြို့နယ်တွင်း အောင်မြင်မှုများကို တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။

တနင်္သာရီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အထက-တနင်္သာရီစာစစ်ဌာနှင့် အလွတ် ဖြေဆိုသူစာရင်းရှိ(၂၃၆)ဦးရှိသည့်အနက် (၁၇၃)ဦးဝင်ရောက်ဖြေဆိုပြီး ကျောင်းသား(၃၂)ဦးနှင့်ကျောင်းသူ (၇၈)ဦး၊ စုစုပေါင်းပေါင်း(၁၁၀)ဦးအောင်မြင်သဖြင့် အောင်ချက်ရာနှုန်းမှာ ၆၃ ဒသမ ၅၈ ဖြစ်ကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၂၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် (၃)ဘာသာဂုဏ်ထူးရှင်(၃)ဦးတို့ ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါအောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ နံနက် ၄ နာရီအချိန်မှစ၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော  www.myanmarrxam.org  တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ထို့အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာ မရရှိသော စာစစ်

ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးကြေညာထားရှိပါသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)