ကျွန်းစုမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကျွန်းစု ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်‌ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့တို့က ကလေးအလုပ်သမားအမျိုးအစား၊ မြန်မာနိုင်မာ၌ ကလေးအလုပ်သမား မည်မျှရှိသလဲ၊ အဲ့ဒီကလေးအလုပ်သမားတွေဟာ ဘယ်လိုပုံစံမျိုးတွေနဲ့ အလုပ်လုပ်နေ ရသလဲ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများ၊ တစ်နိုင်ငံလုံးအနေနဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမား‌ လျော့နည်းပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ၊ ကြိုတင်ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အကျယ်တဝန်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)