လေးမျက်နှာ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ၂၀၂၃ ခုနှစ် အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှု အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် အ.ထ.က-လေးမျက်နှာစာစစ်ဌာန၊ အ.ထ.က-အိုင်သပြုစာစစ်ဌာန၊ အ.ထ.က-ခမောက်စုစာစစ်ဌာန၊ အ.ထ.က-လှော်ကထားစာစစ်ဌာန၊ အ.ထ.က-ပန်းတောကြီးစာစစ်ဌာန၊ အ.ထ.က-မဲဇလီစာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၆)ခုရှိပြီး ဖြေဆိုသူ (၄၁၅) ဦးတွင် အောင်မြင်သူ (၂၈၁) ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း၆၇.၇၁ရှိသည်။ အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း များကို မြန်မာနိုင်ငံစာစစ်ဌာန၏ Website များတွင်လည်း ထုတ်ပြန်ပေးလျက်ရှိပြီး ယနေ့ဇွန်လ ၉ရက် နံနက် (၆:၀၀) နာရီအချိန်မှစ၍ မြို့နယ်အသီးသီးတွင် တစ်ပြိုင်ထဲထုတ်ပြန်ကြေညာပေး လျက်ရှိသည်။
ကျော်ဟိန်း (ပြန်/ဆက်)