ရေဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ရေဖြူ ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်က ရေဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူ (၁၀၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူများ အနက် (၄၆) ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း (၄၄%) ရှိရာ ဂုဏ်ထူးရကျောင်းသား/သူဦးရေမှာ (၁)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး စုစုပေါင်း(၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခတ္တာ