မုံရွာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မုံရွာ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်လင်းနှင့်အဖွဲ့သည် ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကိုဇွန်လ ရက်နေ့၊ နံနက် ၁၁ နာရီက အဆိုပါရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာ မူလတန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မုံရွာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်လင်းနှင့် တာဝန်ရှိသူများ၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာမုံရွာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်လင်းကနှုတ်ခွန်းဆက်အားပေးစကားပြောကြားပြီး မီးဘေးသင့်ပြည်သူများထံသို့ လူသုံးကုန်ပစ္စည်းများအဖြစ် ရေသန့်သောက်ရေဘူး၊ ရေပုံးအဖုံးပါတစ်ခု၊ အမျိုးသမီးလစဥ်သုံး နှစ်ခု ဆပ်ပြာ၊ သွားတိုက်တံ ၅ ချောင်း၊ မျက်နှာသုပ်ပဝါ ၅ ထည်၊ သွားတိုက်ဆေး ၂ ဘူး၊ ကိုယ်တိုက်ဆပ်ပြာ ၃ ခု၊ဆပ်ပြာခွက် ၃ ခွက်၊ အဝတ်လျှော်ဆပ်ပြာ ၃ ခဲ၊ လက်သည်းညှပ် ၁ ခု၊ ဆပ်ပြာမှုန့် ၁ ဘူး၊ ခေါင်းလျှော်ရည် ၁ ဘူး၊ ကြည့်မှန် ၁ ခု၊ ခေါင်းလိမ်းဆီ ၂ ဘူး၊ လက်သုပ်ပဝါ ၂ ထည်၊ မှုတ်ဆိတ်ရိတ် ဓား ၅ ချောင်း၊ တစ်ရှူးလိပ် ၃လိပ်၊ စတီးသောက်ရေခွက် ၂ ခွက်၊ ခေါင်းဘီး ၁ခု ပါဝင်သော ပုံးတစ်ပုံးနှင့် မိုးကာ ၂ ထည်၊ စောင် ၂ ထည်၊ ပုဆိုး ၁ ထည်၊ ထမိန် ၁ထည်၊ အမျိုးသား၊အမျိုးသမီး ဝတ် တီးရှပ် ၂ ထည်၊ ကျောင်းသား/သူဝတ် အင်္ကျီ၊ ဘောင်ဘီ (၂)စုံ နိုင်လွန်ကြိုး ၁ ချောင်း၊ဆေးစိမ်ခြင်ထောင် ၁ လုံးပါဝင်သည့် ပလပ်စတစ်ပုံးတစ်ပုံးတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာခရိုင် မုံရွာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မီးဘေးသင့်အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၃ ဦး အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၇၀၀၀၀ နှုန်းဖြင့် ငွေကျပ်စုစုပေါင်း၃၂၃၀၀၀၀ (သုံးယ့် နှစ်သိန်း သုံးသောင်း) ကျပ်ဖိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)