ဘိုကလေး ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၃) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန (၁၁) ခုဖြင့် မတ်လအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်၌ မြို့နယ်ပညာရေးမှူးရုံးအပါအဝင် စာစစ်ဌာနများ၌ အောင်စာရင်းများ ထုတ်ပြန်ခဲ့ပြီး တစ်မြို့နယ်လုံးအောင်မြင်မှုရာခိုင်နှုန်း (၇၁.၈၆) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်အနေဖြင့် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းတက်ရောက် ဖြေဆိုသူ(အတွင်းဖြေ) (၁၃၈) ဦး၊ ကျောင်းပြင်ပဖြေဆိုသူ(၈၈၉)ဦး၊ စုစုပေါင်းဖြေဆိုသူ (၁၀၂၇) ဦးရှိပြီး အတွင်းဖြေ အောင်မြင်သူ(၈၄)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ(၆၅၄)ဦး၊ စုစုပေါင်း အောင်မြင်သူ (၇၃၈)ဦး ရှိသည့်အတွက် အောင်မြင်မှု ရာခိုင်နှုန်း (၇၁.၈၆)ရာခိုင်နှုန်း ရှိပြီး (၆)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄၀)ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင်(၇၆)ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရှင်(၁၇၈)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးစက် (ဘိုကလေး)