ပန်းတနော် ဇွန် ၉
၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်း ၆၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၈ ခုတွင် ကျောင်းသားကျောင်းသူ ၇၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး လေးဘာသာဂုဏ်ထူးရှင် ၃ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅၃ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅၀ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၈၉ ဦး၊ စုစုပေါင်း ၁၉၅ဦး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ ၂၄၁ဦး၊ စုစုပေါင်းအောင်မြင်သူ ၄၃၆ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)