မော်လမြိုင်ကျွန်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျင်းပပြုလုပ်သော စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်း အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များက ယနေ့နံနက် (၁၀) အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်မှာစကားပြောကြားခဲ့ရာ စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုန်လုပ်ခြင်း ရည်ရွယ်ချက်များ၊ အုန်းစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ၊ ပြည်တွင်း/ပြည်ပ အုန်းစိုက်ခင်းများနှင့် ထုတ်ကုန်များအကြောင်း၊ အုန်းပင် အသုံးဝင်ပုံနှင့် အာဟာရတန်ဖိုးများကြောင်း စိတ်ဝင်စားသူများအား ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ပြောကြားရှင်းလင်းခဲ့ပြီး စားသုံးသူးရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက အုန်းစိုက်ပျိုးထုတ်လုပ်မျိုအသိပညာ Post-test စစ်ဆေးခြင်းများအကြောင်း၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ ကိုးရီးယားနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်လျက် ရှိပါကြောင်း၊ အုန်းထွက်ကုန်များကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများ နည်းပညာဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ဒေသအတွင်းနှင့် နိုင်ငံတကာစျေးကွက်အတွင်းသို့ တင်ပို့နိုင်ရန်နှင့် စီးပွားဖြစ် စျေးကွက်ထိုးဖောက်သွားလိုပါကြောင်း၊ လာမည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ များတွင် ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ၊ စီးပွားရေးဆွေးနွေးပွဲများတွင် ပါဝင်လိုပါကြောင်း၊ ကုန်သွယ်မှု ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးတက်စေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးတင်မောင်ဝင်းအစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ အုန်းသီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါ်စန်းစန်းဟန်နှင့် တွေ့ဆုံ၍ အုန်းပင်ထွက် ထုတ်ကုန်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)