ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၅၈၇)ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း(၆၄.၅၁)ရှိ

ဖျာပုံ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခုမှ ဝင်ရောက်ဖြေဆိုသူ (၉၁၀)ဦးရှိပြီး အောင်မြင်သူ (၅၈၇)ဦးရှိသဖြင့် (၆၄.၅၁)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီ၌ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာ ပေးထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများ လာရောက်ကြည့်ရှုလျက်ရှိကြသည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၆)ခုမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၉၁၀)ဦး၊ အောင်မြင်သူ (၅၈၇)ဦးရှိပြီး (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၄၀)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၅၈)ဦး ဖြစ်ရာ မြို့နယ်အနေဖြင့် အောင်ချက်ရာခိုင်နှုန်း (၆၄.၅၁)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)