ပေါင်းတည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းများရှိ ကြေညာသင်ပုန်းများတွင် ထုတ်ပြန်ကြေညာသည်။
ပေါင်းတည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားခဲ့သူ ၂၇၁ ဦးရှိပြီး အောင်မြင်သူ ၁၈၉ ဦးရှိ၍ ၆၉.၇၄ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်းနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးမှတ်ရရှိသူဦးရေမှာမြန်မာဘာသာရပ်၌ ၃ ဦး၊ သင်္ချာဘာရပ်၌ ၆ ဦး၊ ဓာတုဗေဒ ဘာသာရပ်တွင် ၂၀ ဦး၊ ရူပဗေဒဘာသာရပ်၌ ၂၂ ဦး၊ ဇီဝဘာသာရပ်၌ ၂၆ ဦး၊ ပထဝီဘာသာရပ်၌ ၁ ဦး၊ သမိုင်းဘာသာရပ်တွင် ၁ ဦး၊ ဘောဂဘာသာရပ်၌ ၄၉ ဦး အသီးသီးအောင်မြင်ခဲ့ကြ၍ ထူးချွန်စွာသင်ကြားသင်ယူနိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သူရကြီး(ပေါင်းတည်)