၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

အုတ်ဖို ဇွန် ၉

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့ ရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

အုတ်ဖိုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(အုတ်ဖို) စာစစ်ဌာန၊ အ.ထ.က(အိုးသည်ကုန်း)စာစစ်ဌာန၊ အ.ထ.က(အေးမြသာယာ)  စာစစ်ဌာနတို့ဖြင့် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ (၃၀၉)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၁၂) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၁၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၉)ဦး၊လေးဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် ရိုးရိုးအောင် (၁၇၄)ဦးတို့ဖြင့် အောင်မြင်ခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ ဆက်)