နတ်တလင်း ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၃၆၄ ဦးတွင် ၂၈၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က (နတ်တလင်း)၊ အ.ထ.က (တာပွန်)၊ စာစစ်ဌာန (၂) ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာထားပြီး တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ထားကြောင်း ဖြေဆိုသူ (၃၆၄) ဦးတွင် အောင်ချက် ရာခိုင်နှုန်း ၇၇ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၈၂) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာ ဂုဏ်ထူးရှင် (၇၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦးနှင့် ရိုးရိုးအောင် (၁၇၀)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)