၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ကဝ ဇွန် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ကဝမြို့ရှိ အ-ထ-က(ကဝ)စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား/ ကျောင်းသူ ၃၁၀ ဦးတွင် ၂၃၉ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

 ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(ကဝ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းအား အ-ထ-က(ကဝ)စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ ကျောင်းဖြေ (၁၁၈)ဦးတွင် အောင်ချက် ၇၂ဒဿမ ၈၈ရာခိုင်နှုန်းဖြင့် (၈၆)ဦး၊ အလွတ်ဖြေ (၁၉၂)ဦးတွင် အောင်ချက် ၇၉ဒဿမ ၆၉ ရာခိုင်နှုန်းဖြင့် (၁၅၃)ဦး၊ စုစုပေါင်း (၃၁၀)ဦးတွင် အောင်ချက် ၇၇ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၃၉) ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)