ပဲခူးမြို့ အ.ထ.က(၂)ကျောင်း၌ ဘင်ခရာသင်တန်းဖွင့်လှစ်

ပဲခူး ဇွန်

ပဲခူးမြို့ ..က()ကျောင်း၌ ဘင်ခရာသင်တန်းကို ဇွန်လ ရက်နေ့က အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ..က()တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ်သက်မူက ဂီတစွမ်းအား ပြည်ထွန်းကား ဆောင်ပုဒ်နှင့်အညီ ကမ္ဘာသုံးဂီတ သင်္ကေတများကို ကျွမ်းကျင်ပိုင်နိုင်ကာ မိမိကျောင်း၊ မိမိမြို့၊ မိမိနိုင်ငံကို ဂုဏ်ဆောင်နိုင်သည့် အရည်အသွေးပြည့်မီသည့် ဘင်ခရာအသင်းကြီးဖြစ်အောင် စုစုစည်းစည်း လေ့ကျင့်ကြိုးပမ်းကြရန် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ဘင်ခရာသင်တန်းကို သင်တန်းနည်းပြဆရာဦးဝင်းနိုင်၊ ဦးဝင်းနိုင်အေးနှင့် ဦးရင်အောင်ဖြိုး တို့က တာဝန်ယူ သင်ကြားပေးနေပြီး ကျောင်းနှင့် မြို့ဂုဏ်ဆောင်နိုင်ရေးအတွက် ယမန်နေ့ မှစ၍ သင်ကြားပေးလျက်ရှိပြီး ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ (၄၀)ဦး စုစုပေါင်း (၇၀)ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။ 

သက်ဖြိုးကြိုင် (ပြန်/ဆက်)