ကဝမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ

ကဝ ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏အကြောင်းအရင်းများနှင့်မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် အသိပညာပေး (Talk Show)ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ဒုတိယဦးစီးမှူး ဦးဖြိုးဝေစံဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများအကြောင်း၊ နောက်ဆက်တွဲခံစားရမှုများ၊ မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြဖို့လိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)