ညောင်လေးပင် ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ယနေ့တွင် တစ်နိုင်ငံလုံးတစ်ပြိုင်နက်ထဲ ထုတ်ပြန်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၇၀% နီးပါးရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိ ၆၂၈ ဦးရှိရာ ၅၈၄ ဦး ဝင်ရောင်ဖြေဆိုခဲ့ပြီး ၃၈၇ ဦး အောင်မြင်သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၆၆.၂၇% ရရှိခြင်းဖြစ်သည်။
အဆိုပါ စာရင်းရှိဖြေဆိုသူများတွင် ကျောင်းဖြေသူ၌ ၁၅၉ စာရင်းရှိရာ ၁၅၄ ဦးဝင်ရောက်ဖြေဆို၍ ၁၀၄ ဦးအောင်မြင်ခဲ့ပြီး အလွတ်ဖြေသူ၌ စာရင်းရှိ ၄၆၉ ဦးရှိရာ ၄၃၀ ဦးဝင်ရောင်ဖြေဆို၍ ၂၈၃ ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်ဆက်