ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ရွှေကျင် ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို အ-ထ-က(ရွှေကျင်)ကျောင်း၌  ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(ရွှေကျင်)ကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများအား အ-ထ-က(ရွှေကျင်)ကျောင်းတွင် ကြော်ငြာသင်ပုန်းဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဖြေဆိုခွင့်လျှောက်ထားသော ကျောင်းသား၊ကျောင်းသူ ၃၁၈ ဦးရှိပြီး ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ကျောင်းသူ ၂၈၁ ဦးတွင် ၁၈၁ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၄၁ ရာခိုင်နှုန်းရှိကာ တစ်ဘာသာဂုဏ်ထူးရှင် (၄၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၃)ဦးနှင့် ရိုးရိုးအောင် (၁၀၂)ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းထွန်းဇော် (ပြန်/ ဆက်)