ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း(၆၂.၂၁)ရာခိုင်နှုန်းရှိ

ပန်းတောင်း ဇွန် ၉

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ(၉)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပညာရေးမှူးရုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကိုထုတ်ပြန်ခဲ့ရာ အောင်မြင်သည့် ရာခိုင်နှုန်းအနေဖြင့်(၆၂.၂၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပန်းတောင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(ပန်းတောင်း)၊ အ.ထ.က(ရှားဖြူကွင်း)၊ အ.ထ.က(ဆင်တဲ)၊ အ.ထ.က(ဂုံညှင်းတန်း)၊ အ.ထ.က(ဥသျှစ်ပင်)၊ အ.ထ.က(ထုံးဘို)စသည့် စာစစ်ဌာန(၆)ခုတွင်ကျင်းပပြုလုပ်ခဲ့ကြပြီး စာရင်းရှိ(၆၄၉)ဦး ဝင်ရောက်ဖြေဆိုသည့်ဦးရေ(၅၉၈)ဦးတို့တွင် လေးဘာသာဂုဏ်ထူးရှင်(၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၀၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၂၃၉)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူနှင့်ရိုးရိုးအောင်မြင်သူ (၃၇၂)ဦးရှိကာ အောင်မြင်သည့်ရာခိုင်နှုန်းအနေဖြင့် (၆၂.၂၁)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)