၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးမြို့နယ်မှ (၁၁၉၅)ဦး ဖြေဆိုရာ(၈၀၀)ဦးအောင်မြင် 

ပဲခူး ဇွန်

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ()ရက် ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌ နံနက်()နာရီမှစတင်၍ ထုတ်ပြန်ပေးထားလျက် ရှိရာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုသူ (၁၁၉၅)ဦးရှိပြီး (၈၀၀)ဦး အောင်မြင်မှုရရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၆.၉၅)% ရှိကြောင်း သိရသည်။ 

ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ၂၀၂၃ ခုနှစ် ဝင်ရောက်ဖြေဆိုသူ(၆၃၂၂)ဦးအနက်မှ (၄၃၃၂)ဦး အောင်မြင်သဖြင့် (၆၈.၅၂)%ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် ဝင်ရောက်ဖြေဆိုသူ (၆၀၇၃)ဦးအနက်မှ (၄၁၉၉)ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း (၆၉.၁၄)%ရှိရာ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ဝင်ရောက်ဖြေဆိုသူ(၁၂၃၉၅)ဦး၊ အောင်မြင်သူ(၈၅၃၁)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၆၈.၈၃)%ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)