ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများလှူဒါန်း

ယင်းမာပင် အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် ၊ အလှူရှင်မှ အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။       

အလှူငွေပေးအပ်ရာတွင် မြန်မာပိတောက်ကုမ္ပဏီလီမိတက်မှ ငွေကျပ် ၅ သိန်းကို ပေးအပ် လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင် မှ လက်ခံရယူပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးမိုး(ပြန်/ဆက်)