ထီးချိုင့် ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်း များကို ယနေ့နံနက် (၆) နာရီကထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်ရှိ စာစစ်ဌာနဖြစ်သည့် အထက(ထီးချိုင့်)မှအခြေခံပညာ အထက်တန်း ကျောင်းတွင် စာရင်းရှိ (၂၅၈) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၁၉၉) ဦးအနက်မှ (၁၂၈) ဦး အောင်မြင်ခဲ့၍ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃) ဘာသာဂု ဏ်ထူးရှင် (၁၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင်(၃၁)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၆၅) ဦးဂုဏ်ထူးထွက်ရှိကာ အောင်ချက်ရာ ခိုင်နှုန်း(၆၄.၃၂)% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)