ဒိုက်ဦး ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(၁)ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းကထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၃၅၁ ဦးတွင် ၂၄၆ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က(၁)စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာဖြေဆိုသူ အောင်ချက်ရာခိုင်နှုန်း ၇၀.၂၉ ရာခိုင်နှုန်းဖြင့်အောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင်(၆၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၀၈)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)