ပြင်စလူ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ အားထိုးနှံပေးပြီးပြည် သူများအားအသိပညာပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးကို အသက်ရွယ်ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများ ကာကွယ်ဆေးကို ထိုးသင့် ကြောင်း၊ လူငယ်များ လူလတ်ပိုင်းများ ကိုယ်ခံအားကောင်းသောကြောင့် ကာကွယ်ဆေးကို ထိုးတာနဲ့ တင် လုံလောက်ပြီဟု ယူဆကြောင်း၊ လူငယ်များ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြင်းထန်လျင်သေဆုံးနိုင်ကြောင်း၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးကို ထိုးဖို့လိုကြောင်း၊ ရောဂါခံရှိသူများ ထပ်ဆောင်းကာကွယ်ဆေးကို မဖြစ်မနေထိုးဖို့လိုအပ်ကြောင်း၊ ရောဂါအခံတစ်ခုခုရှိနေပါက ကိုဗစ်ဖြစ်လျှင်ဆေးရုံတက်ရနှုန်းနှင့် သေဆုံးမှုနှုန်းများနိုင်ကြောင်း စသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများဖြစ်သည့်ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းနှင့် အသိပညာ ပေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်စလူမြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်း၊ ကျန်းမားရေး ဦးစီးဌာနမှ ဦးကျော်မျိုးသူနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြင်စလူ(ပြန်/ဆက်)