တောင်ငူ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုဖြစ်သည့် အထက (၂)၊ အ.ထ.က(၄)၊ အ.ထ.က( နတ်စင်ကုန်း)နှင့် အ.ထ.က (လေးမိုင်)တို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက် (၅)နာရီခွဲအချိန်က ထုတ်ပြန်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများမှ လာရောက်ကြည့်ရှုကြသည်။
အဆိုပါစာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဘာသာရပ်များကို ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်း စာရင်းရှိ(၁၄၇)ဦး၊ ကျောင်းပြင်ပစာရင်းရှိ ကျောင်းသား ကျောင်းသူ(၈၆၄)ဦး၊ စုစုပေါင်းဖြေဆိုသူ(၁၀၁၁)ဦးရှိပြီး ကျောင်းတွင်းအောင်မြင်သူ(၁၁၂)ဦး၊ ကျောင်းပြင်ပ အောင်မြင်သူ (၄၈၅)ဦး၊ စုစုပေါင်းအောင်မြင်သူ (၅၉၇)ဦးရှိရာ အောင်မြင်မှုရာခိုင်နှိုင်း (၅၉.၀၅)% ရှိကြောင်း၊ (၅)ဘာသာဂုဏ်ထူး (၁)ဦး၊ (၄)ဘာသာဂုဏ်ထူး (၁၀)ဦး၊ (၃) ဘာသာဂုဏ်ထူး (၁၃)ဦး၊ (၂)ဘာသာဂုဏ်ထူး (၂၇)ဦး၊ (၁)ဘာသာဂုဏ်ထူး (၁၄၄)ဦး၊ ရိုးရိုးအောင် (၄၀၂)ဦးရှိကြောင်းနှင့် ဂုဏ်ထူးရဘာသာရပ်အရေအတွက်မှာ မြန်မာစာဘာသာရပ် (၅)ဦး၊ အင်္ဂလိပ်စာဘာသာရပ်(၁)ဦး၊ သင်္ချာဘာသာရပ်(၉)ဦး၊ ဓာတုဗေဒဘာသာရပ်(၂၇)ဦး၊ ရူပဗေဒဘာသာရပ်(၄၅)ဦး၊ ဇီဝဗေဒဘာသာရပ်(၁၀၆)၊ ပထဝီဘာသာရပ် (၄)ဦး၊ သမိုင်းဘာသာရပ်(၂)ဦး၊ ဘောဂဗေဒဘာသာရပ် (၈၃)ဦး၊ စုစုပေါင်း (၂၈၂)ဦးရှိကြောင်း တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)