ရေစကြိုမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၆၀.၁၉ ရာခိုင်နှုန်းဖြင့် အောင်မြင်

ရေစကြို ဇွန် ၉

ရေစကြိုမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ မြို့နယ်အတွင်း ၆၀.၁၉ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁ ခုတွင် ဖြေဆိုရန်စာရင်းရှိ ၄၁၁ ဦး ရှိရာ ကျောင်းသား၊ ကျောင်းသူ ၃၀၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၈၆ ဦး အောင်မြင်ခဲ့သည်။  သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး စုစုပေါင်း ၄၀ ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်လုလင်(ရေစကြို)