အင်္ဂပူမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာန(၇)ခု တွင် ထုတ်ပြန်ကြော်ငြာ

အင်္ဂပူ   ဇွန်    ၉

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌  ၂၀၂၃ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို  ယနေ့နံနက်ပိုင်းက  စာစစ်ဌာန(၇)ခုတွင် ထုတ်ပြန်ကြော်ငြာ ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်‌ကြော်ငြာမှုကို ကျောင်းသား/သူများ၊ မိဘနှင့် မိသားစုဝင်များက လာရောက်ကြည့်ရှုကြကြောင်းနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၈၀)ဦးရှိရာ စာမေးပွဲ အောင်မြင်သူ (၄၉၇)ဦးရှိပြီး ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူ (၁၀၇)ဦးရှိကြောင်းနှင့် (၅)ဘာသာ(၅)ဦး၊ (၄)ဘာသာ(၉)ဦး၊ (၃)ဘာသာ(၆၄)ဦး၊ (၂)ဘာသာ(၆၄)ဦးနှင့် (၁)ဘာသာ (၆၇)ဦးတို့ ထူးချွန်စွာအောင်မြင်ပြီး၊  အောင်မြင်မှုခိုင်နှုန်းမှာ (၇၃.၀၉)ရှိကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)