ရွှေတောင် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအလိုက် အောင်စာရင်းထုတ်ပြန်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသော ကျောင်းသား / ကျောင်းသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အ.ထ.က(ရွှေတောင်)၊ အ.ထ.က(ညောင်စာရေး)၊ အ.ထ.က(ယင်းမူကုန်း)နှင့် အ.ထ.က(ကျီးသဲ)စသည့် စာစစ်ဌာန(၄) ခုတို့တွင်ကျောင်းသား/ ကျောင်းသူပေါင်း(၄၂၇)ဦး ဖြေဆိုရာအောင်မြင်သူ(၃၁၉)ဦး ရှိပြီးအောင်ချက်ရာခိုင်နှုန်း (၇၄. ၇၁)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)