၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

လက်ပံတန်း ဇွန် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ ရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသားကျောင်းသူ ၄၂၈ ဦးတွင် ၃၁၆ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို စာစစ်ဌာန(၄)ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာ ကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံး၏ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ (၄၂၈)ဦး တွင် အောင်ချက်ရာခိုင်နှုန်း ၇၃ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၃၁၆) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင်(၉၇)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၂၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်(၁၆၄)ဦးတို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)